သင်၏ကိုယ်ပိုင်လုံခြုံမှု

  • ကြွက်သားဒဏ်မဖြစ်အောင်နှင့် မထိခိုက်မိအောင်ဂရုစိုက်ပါ။
  • အကယ်၍ သင်၏ဒူးနာကျင်လာပါက ပြုလုပ်နေခြင်းအားချက်ချင်းရပ်တန့်ပါ။
  • နောက်သို့အားဖြင့်မမှီပါနှင့် အနောက်သို့လန်ကျနိုင်ပါသည်။
  • သင့်အားကူညီပေးနိုင်ရန် သင့်သူငယ်ချင်း (သို့မဟုတ်) မိသားစုဝင်တစ်ဦးဦးရှိမှသာလျှင် စစ်ဆေးမှုကို ပြုလုပ်ပါ။
  • အကယ်၍သင်သည်မကြာသေးမီက ပြုတ်ကျထားခြင်း( သို့မဟုတ်) ဒဏ်ရာရရှိထားခြင်းရှိပါက စစ်ဆေးမှုကို မပြုလုပ်ပါနှင့်။

အဆင့် (၁)

သင့်တော်သော ထိုင်ခုံတစ်လုံးကို ရွေးချယ်ပါ။

(၎င်းထိုင်ခုံသည် အမြင့်အားဖြင့် ၄၃ စင်တီမီတာ ဝန်းကျင်ရှိရပါမည်)


အဆင့် (၂)

သင်ကိုယ်တိုင် အချိန်ကိုမှတ်ထားပြီး သန်စွမ်းမှုဆိုင်ရာလေ့ကျင့်ခန်းကို လုပ်ပါ။

(ခြေနှစ်ဖက်လုံးဖြင့် ထိုင်ထ ကို ၅ ကြိမ်ပြုလုပ်ပါ။ သင့်လက်နှစ်ဖက်ကို ပိုက်ထားပြီး တတ်နိုင်သမျှမြန်မြန်ပြုလုပ်ပါ)

အဆင့် (၃)

အောက်ဖော်ပြပါ ကြွက်သားသန်စွမ်းမှု တွက်ချက်ခြင်းဇယားတွင် သင်၏အချက်အလက်များကို ဖြည့်စွက်ပါ။